စိတ်ရှည်သည်းခံခြင်း၌ သင်ခန်းစာများ

Bob Salem (ဘော့ဘ်ဆေလမ်) သည် သူ၏မျက်နှာပေါ်တွင် ဇွန်းကို နှာခေါင်းနေရာ၌ မျက်နှာဖုံးတွင်ချည်ကပ် တပ်ထားပြီး မြေပဲတောင့်ကို အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ Pike's Peak တောင်ပေါ်သို့ ဇွန်းဖြင့် ကော်တင်သည့် အမြန်နှုန်း စံချိန်တင်ထားသည်။ သူသည် ကမ္ဘာလှည့်ခရီးသည်များကြောင့် နှောင့်နှေးမှုကို ရှောင်ရှားရန် ညအချိန်တွင် လုပ်ဆောင်ပြီး၊ ခုနစ်ရက်အတွင်း ပြီးမြောက်ခဲ့သည်။ ဘော့ဘ်သည် ဤစတန့်ကို ပြီးမြောက်ခဲ့သည့် စတုတ္ထမြောက်လူဖြစ်သည်။ ဆိုလို သည်မှာ အလွန်စိတ်ရှည်သော အခြားလူသုံးဦးလည်း သူကဲ့သို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ထိုစတန့်အတွက် စိတ်ရှည်သည်းခံမှု လိုအပ်ခြင်းက ကိုယ့်ဒုက္ခကိုယ်ရှာခြင်းဟု ကျွန်ုပ်တို့ ပြောကောင်းပြောနိုင်သော်လည်း၊ ဘဝတွင်မူ ထိုသို့မဟုတ်ပါ။ စိတ်ရှည်သည်းခံခြင်းကို ကျွန်ုပ်တို့ လိုအပ်ပါသည်။ ၎င်းသည် ဝိညာဉ်အသီးဖြစ်ပြီး (ဂလာ ၅:၂၂)၊ ကျွန်ုပ်တို့ “အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း” (ယာ ၁:၄) မုချလိုအပ်သော သီလတစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်ရှိ…

မိသားစုထက် ပိုသော

ဂျွန်သည် ဂုဏ်သတင်းကြီးသောကောလိပ်တစ်ခု၌ အဆင့်မြင့် ပါမောက္ခအဖြစ် ခန့်အပ် ခံခဲ့ရသည်။ သူ၏အစ်ကိုဒေးဗစ်သည် ကျေနပ်ခဲ့သော်လည်း၊ ညီအစ်ကိုချင်းအနေဖြင့်၊ ငယ်စဉ်က သူနှင့် ဂျွန်တို့ နပန်းလုံးပြီး ဂျွန်ကို မြေပေါ်လှဲသိပ်ခဲ့သည်ကို မစနောက်ဘဲ မနေနိုင်ပါ။ ဘဝတွင် အောင်မြင်မှုများဆွတ်ခူးခဲ့သော်လည်း ဂျွန်သည် ဒေးဗစ်၏ အမြဲတမ်း ညီလေးဖြစ်ပါသည်။

သင်သည် မေရှိယဖြစ်လျှင်ပင် မိသားစု အထင်ကြီးအောင် လုပ်ရန် ခက်လှသည်။ ယေရှုသည် နာဇရက်မြို့သားတို့ကြားတွင် ကြီးပြင်းလာခဲ့ပြီး၊ သူသည် ထူးခြားသောသူဖြစ်ကြောင်း ယုံကြည်ရန် မြို့သားတို့ရုန်းကန်ခဲ့ရသည်။ သို့သော် ယေရှုကြောင့် သူတို့အံ့ဩခဲ့ရသည်။ “ဤမျှလောက်သောတန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။ သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော” (မာ ၆:၂-၃)။ ရှင်ယေရှုက“ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်”ဟု (:၄) မှတ်ချက်ချခဲ့သည်။ ဤလူများသည် ယေရှုကို ကောင်းစွာသိသော်လည်း သူသည် ဘုရားသခင်၏…

ကျွန်ုပ်သည် သက်ဆိုင်ပြီလား

နောက်ဆုံးတွင် ရုပ်ရှင်သရုပ်ဆောင် Sally Field (စယ်လီဖီး) သည် ကျွန်ုပ်တို့အားလုံး တောင့်တလိုချင်သည့်အရာကို ခံစားခဲ့ရသည်။ သူမသည် ၁၉၈၅ ခုနှစ်တွင် ဒုတိယမြောက် အော်စကာဆုကို ရရှိခဲ့သောအခါ ဆုကို လက်ခံစဥ် “အရာအားလုံးထက် ရှင်တို့ရဲ့ လေးစားတန်ဖိုးထားမှုကို ကျွန်မ ပိုလိုချင်ခဲ့တယ်။ ပထမအကြိမ်ဆုရတုံးက အဲဒါကို ကျွန်မ မခံစားခဲ့ရဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ခံစားရတယ်။ ပြီးတော့ ရှင်တို့ ကျွန်မကို သဘောကျတယ်။ အခု ရှင်တို့ ကျွန်မကို ကြိုက်တယ်ဆိုတဲ့အချက်ကို ကျွန်မငြင်းလို့မရတော့ဘူး” ဟု ပြောခဲ့သည်။

အဲသရောပိ မိန်းမစိုးတစ်ဦးလည်း သူ့ကိုလက်ခံခြင်းအတွက် အံ့အားသင့်ခံစားခဲ့ရသည်။ တစ်ပါးအမျိုးသားနှင့် မိန်းမစိုးဖြစ်ခြင်းကြောင့်၊ ဗိမာန်တော်၏ အတွင်းတန်တိုင်းသို့ သူဝင်ခွင့်မရဘဲ၊ ငြင်းပယ်ခြင်းခံခဲ့ရသည် (ဧ ၂:၁၁-၁၂၊ တရား ၂၃:၁)။ သို့သော် ဝင်ခွင့်ရသူများ၌ သူပါဝင်နိုင်ရန် တောင့်တဆန္ဒရှိခဲ့သည်။ ယေရုရှလင်မြို့ ဝတ်ပြုခရီးမှ စိတ်ကျေနပ်မှုမရှိဘဲ…

သခင်ယေရှုအား အစေခံခြင်း

၁၈၀၀ နှစ်များ အစောပိုင်းတွင်၊ Elizabeth Fry (အဲလိဇဘက် ဖရိုင်း)သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အမျိုးသမီးအကျဉ်းထောင်အတွင်းရှိ အခြေအနေများကြောင့် ထိတ်လန့်ခဲ့ရသည်။ ထောင်၌ အမျိုးသမီးများနှင့် ၎င်းတို့၏ကလေးများဖြင့် ကြပ်ညှပ်နေပြီး အေးခဲသော ကျောက်ကြမ်းပြင်ပေါ်တွင် အိပ်စက်ကြရသည်။ အိပ်ယာမပေးထားသော်လည်း အရက်များစီးကျနေသည့် ပိုက်ခေါင်းတစ်ခုရှိသည်။ သူမသည် အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး အဝတ်အစားများ ပံ့ပိုးပေးခြင်း၊ စာသင်ကျောင်းဖွင့်ခြင်းနှင့် သမ္မာကျမ်းစာသွန်သင်ခြင်းတို့ကို နှစ်အတန်ကြာမျှ လုပ်ဆောင်ပြီး ပြောင်းလဲမှုကို ဆောင်ကြဥ်းပေးခဲ့သည်။ သို့သော် သူမ၏နှစ်လိုဖွယ်သော အတူရှိနေခြင်းနှင့် ရှင်းလင်းသော မျှော်လင့်ချက်သတင်းစကားများက သူမ၏ အကြီးမားဆုံး လွှမ်းမိုးမှုအဖြစ် လူအများက ရှုမြင်ကြသည်။

သူမ၏လုပ်ရပ်များက သခင်ယေရှု၏ဖိတ်ခေါ်ချက်ဖြစ်သော လိုအပ်နေသူ များအား အစေခံခြင်းအချက်ကို သူလိုက်လျှောက်ခဲ့ခြင်းဖြစ်သည်။ ဥပမာ၊ ခရစ်တော် သည် သံလွင်တောင်ပေါ်တွင်ရှိစဉ်၊ ဖြောင့်မတ်သောသူတို့အား ထာဝရအသက်ရှင်ရာသို့ ကြိုဆိုခြင်း အပါအဝင် နောက်ဆုံးသောကာလနှင့် ပတ်သက်သော ပုံဥပမာများစွာကို ဝေမျှခဲ့သည်…

ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘကို ခေါ်ဆိုခြင်း

အမေရိကန်သမ္မတ Harry Truman (ဟယ်ရီ ထရူးမန်)သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးကြောင်း ကြေညာခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင်၊ မစ်ဇူရီပြည်နယ်၊ ဂရန်းဗြူးရှိ ပျဉ်ကာအိမ်ငယ်တစ်ခု၌ ဖုန်းမြည်ခဲ့သည်။ အသက် (၉၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူ့မ၏ဧည့်သည်အား ခွင့်ပန်ပြီး ဖုန်းပြောခဲ့သည်။ သူမက “ဟယ်လို ... ဟုတ်ပါတယ်။ အင်း၊ အဆင်ပြေပါတယ်။ ရေဒီယို အမြဲနားထောင်နေတယ်။ ... အခုတော့ သားအားရင် အမေ့ကို လာကြည့်နိုင်ရင် လာကြည့်ပါ။ ... ဒါပဲနော်” ဟု ပြောဆိုသည်ကိုသူမ၏ဧည့်သည် ကြားခဲ့သည်။ အဘွားအိုသည် ဧည့်သည်ထံ ပြန်လာပြီး၊ “အဲဒါ [ကျွန်မ၏သား] ဟယ်ရီလေ။ ဟယ်ရီက သိပ်အံ့ဩစရာကောင်းတဲ့သူ၊ ... သူ ဖုန်းခေါ်မယ် ဆိုတာ ကျွန်မသိတယ်။ ဖြစ်ပျက်တဲ့ကိစ္စတစ်ခုခု ပြီးသွားတိုင်း သူ ကျွန်မကို အမြဲဖုန်းခေါ်တယ်” ဟု ပြောပြခဲ့သည်။

မည်မျှပင်…

အသက်တာ၏ဝတ်ပြုခရီး

ယုံကြည်သက်ဝင်မှုပေါင်းစုံမှ လူသန်းနှစ်ရာကျော်သည် နှစ်စဉ် ဘုရားဖူးခရီးထွက်ကြသည်။ ခေတ်အဆက်ဆက်တွင် ဘုရားဖူးသူတစ်ဦး၏တာဝန်မှာ အထွတ်အမြတ်ထားသောနေရာသို့ ခရီးသွားပြီး ကောင်းချီးတစ်မျိုးမျိုးကို ခံယူရရှိရန်ဖြစ်သည်။ ဤအရာမှာ ဗိမာန်တော်၊ ဘုရားရှိခိုးကျောင်းတော်ကြီး၊ နတ်ကွန်း၊ သို့မဟုတ် ကောင်းချီးမင်္ဂလာရရှိနိုင်သည့် အခြားသောနေရာများသို့ သွားရောက်ခြင်း ဖြစ်သည်။
သို့သော်လည်း ဗြိတိန်ရှိ ဆဲလ်တစ်ခရစ်ယာန်များက တစ်မျိုးတစ်ဘာသာ ရှုမြင်ကြသည်။ သူတို့သည် ဦးတည်ရာမဲ့ တောရိုင်းတွင်းထွက်ခွာခြင်း သို့မဟုတ် သူတို့၏ လှေများကို သမုဒ္ဒရာရေစီးကြောင်းက ခေါ်ဆောင်သွားမည့် မည်သည့်နေရာကိုမဆို မျောပါစေသည်။ သူတို့အတွက် ဘုရားဖူးခရီးသည် မိမိအကျွမ်းမဝင်သောနယ်မြေတွင် ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းအကြောင်းဖြစ်သည်။ ခရီးဆုံးပန်းတိုင်ရောက်မှမဟုတ်ဘဲ ခရီးလမ်းတစ်လျှောက်တွင်လည်း မည်သည့်ကောင်းချီးမင်္ဂလာကို မဆို တွေ့ရှိရပါသည်။

ဟေဗြဲ ၁၁ သည် ဆဲလ်တစ်များအတွက် အရေးကြီးသောကျမ်းပိုဒ်ဖြစ်သည်။ ခရစ်တော်၌ရှိသော အသက်တာသည် လောကီရေးရာများကို ချန်ထားခဲ့ပြီး ဘုရား သခင်၏မြို့တော်သို့ နိုင်ငံခြားသားများအသွင် ခြေလျင်ခရီးနှင်ခြင်းအကြောင်း (:၁၃-၁၆)ဖြစ်ပြီး၊ ၎င်းခရီးစဥ်သည် သူတို့၏ဘဝအသက်တာခရီးစဥ်ကိုထင်ဟပ်နေသည်။…

ဝတ်ပြုရာအိမ်

ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်အောက်လွှတ်တော်ရုံး ဗုံးကြဲတိုက်ခိုက်ခံရသော် ၀န်ကြီးချုပ် ဝင်စတန်ချာချီက ၄င်းကို ၎င်း၏မူလပုံစံအတိုင်း ပြန်လည်တည်ဆောက် ရမည်ဟု ပါလီမန်သို့ ပြောကြားခဲ့သည်။ အစည်းဝေးခန်းသည် အရွယ်အစား သေးရမည်၊ သို့မှသာ ဆွေးနွေးပွဲများ၌ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်မည်ဖြစ်သည်။ အစည်းဝေးခန်းသည် စက်ဝိုင်းခြမ်းပုံစံ အခင်းအကျင်းထက် နိုင်ငံရေးသမားများ အခန်း “အလယ်၌ လှုပ်ရှားသွားလာနိုင်”သည့် အလျားရှည် ထောင့်မှန်ပုံစံ ဖြစ်ရမည်။ ယင်းသည် လက်ဝဲဘက်ရှိသူများနှင့် လက်ယာဘက်ရှိသူတို့ မျက်နှာချင်းဆိုင်အနေအထားရှိပြီး အခန်းတွင်း တစ်ဘက်မှ တစ်ဘက်သို့ ဘက်မပြောင်းမီ သတိ ထားစဥ်းစားရန် လိုအပ်သည့်၊ ဗြိတိန်နိုင်ငံ၏ပါတီစနစ်ကို ထိန်းသိမ်းထားသည်။ ချာချီက “ကျွန်ုပ်တို့က အဆောက်အအုံများကို ပုံဖော်ပြီးနောက် ဤအဆောက်အအုံများက ကျွန်ုပ်တို့ကို ပုံသွင်းမည်” ဟု နိဂုံးချုပ် ပြောခဲ့သည်။

၎င်းကို ဘုရားသခင်သဘောတူပုံရသည်။ ထွက်မြောက်ရာကျမ်း၏ အခန်းကြီး ၇ ခန်း(၂၅-၃၁)က တဲတော်တည်ဆောက်ခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပေးထားပြီး၊…

မိမိတွင်ရှိသော အခြားကိုးကွယ်ရာများ

သမ္မာကျမ်းစာလေ့လာရေးအဖွဲ့မှ အမျိုးသားများသည် အသက် ၈၀ နီးပါးရှိကြပြီဖြစ်၍၊ သူတို့က ကာမဂုဏ်နှင့် ရုန်းကန်နေရဆဲဖြစ်ကြောင်း ကျွန်တော်သိရသော အခါ အံ့ဩခဲ့မိသည်။ သူတို့ပျိုရွယ်စဉ်က စတင်ခဲ့သော တိုက်ပွဲသည် တဝဲလည်လည် ကျန်နေဆဲဖြစ်သည်။ ဤကဏ္ဍ၌ သခင်ယေရှုနောက်သို့ လိုက်ပါမည်ဟု သူတို့နေ့စဥ် ကတိပြုကြပြီး သူတို့ကျရှုံးခဲ့ချိန်များအတွက် ခွင့်လွှတ်မှုကို တောင်းခံကြသည်

ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော အမျိုးသားများက ဘဝနေဝင်ချိန်မှာပင်လျှင် ဇာတိသွေးဆောင်မှုများနှင့် တိုက်ခိုက်နေရခြင်းက အံ့ဩစရာပင်။ သို့သော် အံ့ဩစရာ မဖြစ်သင့်ပါ။ ကျွန်တော်တို့၏အသက်တာများတွင် ဘုရားသခင်၏နေရာကို အစားထိုးရန် ခြိမ်းခြောက်နေသောအရာတိုင်းသည် အခြားသော ကိုးကွယ်ရာများ ဖြစ်ပြီး၊ ၎င်းသည် မိမိ၌မရှိတော့ဟုထင်မှတ်ပြီး အချိန်ကြာပြီးမှ ပြန်ပေါ်လာနိုင်သည်။

ကျမ်းစာထဲ၌ ယာကုပ်သည် သူ့ဦးလေး လာဗန်နှင့် သူ့အစ်ကို ဧသောတို့လက်မှလွတ်မြောက်ခဲ့သည်။ ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရန်နှင့် သူ၏များပြားသောကောင်းချီးများအတွက် ချီးမွမ်းရန် ဗေသလအရပ်သို့ သူပြန်လာခဲ့သော်လည်း သူ၏ မိသားစုက တစ်ပါးအမျိုးသားတို့၏ဘုရားများကို ကိုးကွယ်နေဆဲဖြစ်၍ ယာကုပ်က…

ဝိညာဉ်ရေး ထက်သန်နေအောင် ထိန်းသိမ်းခြင်း

‘Rocky’ (ရော့ကီ) ရုပ်ရှင်တွဲများသည် ဘယ်လိုပဲဖြစ်ဖြစ် လုံးဝအရှုံးမပေးဟု ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြင့် အတွေ့အကြုံမရှိသေးသော လက်ဝှေ့သမားလေး၏ မဖြစ်နိုင်သည့်အရာများကို ကျော်ဖြတ်ကာ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာပုံကို ရိုက်ပြထား သည်။ ‘Rocky III’ တွင် အောင်မြင်လာသော ရော့ကီသည် သူ၏အောင်မြင်မှုများ၌  ကျေနပ်ယစ်မူးလာခဲ့သည်။ တီဗီကြော်ငြာများရိုက်ရခြင်းက သူ၏လေ့ကျင့်ချိန်ကို ပျက်ပြားစေခဲ့သည်။ ချန်ပီယံကြီးမှာ အားပျော့လာပြီး စိန်ခေါ်သူ၏အလဲထိုးမှုကို ခံခဲ့ရသည်။ ရုပ်ရှင်၏ကျန်သည့်အပိုင်းမှာ သူ၏ထူးချွန်သည့် တိုက်ရည်ခိုက်ရည်ပြန်ရ အောင်ကြိုးစားသည့် ရော့ကီ၏ အားထုတ်မှုကို ရိုက်ပြထားသည်။

ဝိညာဉ်ရေးရာ၌ ယုဒဘုရင်အာသ၏ ထက်သန်မှု ပျောက်ဆုံးနေသည်။ ကနဦး သူအုပ်ချုပ်စဉ် ထိတ်လန့်ဖွယ်ရာများ ကြုံရချိန်၌ ဘုရားကိုသာ သူအားကိုးခဲ့သည်။ ခွန်အားကြီးသော ကုရှလူမျိုးများ တိုက်ခိုက်ရန် ကြံစည်သည့်အခါ ဘုရင်အာသက “အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ခိုလှုံ၍ နာမတော်ကို အမှီပြုလျက်၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်း ငှာ သွားပါ၏”ဟု ဆုတောင်းခဲ့သည်…

ခရစ်တော်၌ အသီးနှင့်ပြည့်စုံသော ယုံကြည်သူများ

အကျိုးအမြတ်မယူသော ကုမ္ပဏီတစ်ခုတွင် အလုပ်သစ်ရခဲ့၍ Cindy (စင်ဒီ) စိတ်လှုပ်ရှားခဲ့သည်။ ခြားနားမှုကိုဖြစ်စေမည့် မည်မျှကောင်းသော အခွင့်အရေးပါနည်း။ သူမ၏လုပ်ဖော်ကိုင်ဖက်များ၌ သူမ၏စိတ်အားထက်သန်မှုမျိုး မရှိကြောင်း မကြာမီ သိလိုက်ရသည်။ သူတို့သည် ကုမ္ပဏီ၏သာသနာ့တာဝန်ကို လှောင်ပြောင်သရော်ပြီး၊ သူတို့၏စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို ဆင်ခြေပေးကာ၊ အကျိုးအမြတ်များ‌သော ရာထူးများကို အခြားနေရာများတွင် ရှာနေကြသည်။ ဤအလုပ်ကို မလျှောက်မိလျှင်အကောင်းသားဟု စင်ဒီ ဆန္ဒပြုမိသည်။ အဝေးက ကြည့်လျှင် မြင့်မြတ်သည်ဟုထင်ရသောအရာသည် အနီးကပ်မြင်ရသောအခါ စိတ်ပျက်စရာ ကောင်းလှသည်။

ဤသည်မှာ ယနေ့ဖတ်ရန် ကျမ်းပိုဒ်မှ သင်္ဘောသဖန်းပင်နှင့် သခင်ယေရှုတို့၏ ပြဿနာဖြစ်သည် (မာ ၁၁:၁၃)။ အစောပိုင်းရာသီတွင် သဖန်းပင်ရွက်များဝေဆာနေခြင်းက သဖန်းသီးစောသီးမည့်လက္ခဏာ ဖြစ်နိုင်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ ထိုသဖန်းပင်၌ အသီး မသီးသေးပေ။ စိတ်ပျက်လျက်နှင့် သခင်ယေရှုက ထိုအပင်အား “ယခုမှစ၍ အစဥ်မပြတ် သင်၏အသီးကို အဘယ်သူမျှ မစားစေနှင့်ဟု မိန့်တော်မူ၏” (:၁၄)။ နောက်တစ်နေ့မနက်တွင် တစ်ပင်လုံး…